“ခင်ပွန်းဖြစ်သူနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့တဲ့ အိမ့်ချစ်”

တေးသံရှင် အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။

ဇွန်လ (၆) ရက်နေ့မှာတော့ သူမရဲ့ချစ်သူကိုဇော်ဝင်းလှိုင်နဲ့ အတူ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ မင်္ဂလာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ COVID-19 ကာလအတွင်း ဖြစ်တာကြောင့် မေလ အတွင်းမှာ ပြုလုပ်မယ့် စေ့စပ်ပွဲကိုတောင် ဖျက်ခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

အခုအခါမှာ​တော့ အိမ့်ချစ်ဟာခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းလှိုင်နဲ့ အတူ အေးချမ်းအောင်မြင် အုတ်ခွက် ဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအ​ကြောင်းကို အိမ့်ချစ်ကိုယ်တိုင်ကလည်း

“မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ (အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမျှ ဖိတ်ကြားခြင်းမပြုပဲ မိသားစုနဲ့သာဆွမ်းကပ်ခဲ့တာမို့)” ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့က သူ မရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသား​ဖော်ပြခဲ့ပါတယ်။

​တေးသံရှင် အိမ့်ချစ် နဲ့ ကို​ဇော်ဝင်းလှိုင်တို့ ဇနီး​မောင်နှံ ရိုး​​မြေကျ ​ရွှေလက်တွဲနိုင်ကြပါ​စေလို့ ပရိသတ်​တွေနဲ့ထပ်တူ ဆန္ဒပြုလိုက်ရပါ​ကြောင်း။

#KS