“မိဘနှစ်ပါးရဲ့အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ဘဝကို ရုန်းကန်ခဲ့ရပုံကိုရင်ဖွင့်လာတဲ့ လိမ္မော်သီး”

လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။

မိသားစုမှာလည်း သမီးအကြီးဆုံးဖြစ်တဲ့ လိမ္မော်သီးက မိသားစုအတွက် သူမကိုယ်တိုင် ဦးစီးပြီးရုန်းကန်နေရသူပါ။ မိဘနှစ်ပါး လမ်းခွဲလိုက်တဲ့အချိန် (၂)နှစ်အတွင်းမှာ အရမ်းကို ဒုက္ခရောက်ခဲ့ပြီး သုညကနေ ဒီလိုအခြေအနေရောက်အောင် သူမ ကြိုးစားခဲ့ရပုံတွေကို အခုလိုပြောပြလာပါတယ်။

“ဆယ်တန်းဘော်ဒါနေတဲ့အချိန်မှာ အိမ်က အဆင်မပြေဘူး။အမက မသိဘူး ဘော်ဒါဆောင်မှာရောက် နေတာဆိုတော့ ပြီးသွားတော့မှ အမေနဲ့အဖေကအဆင်မပြေဘူး အိမ်ထောင်ကွဲပြီ ဘာညာဆိုတော့ အကုန်လုံး ခွဲထုတ် ရောင်းစရာရှိတာရောင်း ၂နှစ်လောက်အတွင်းမှာ တော်တော် ဒုက္ခရောက်ခဲ့တာ။

ပြီးတော့မှ အမအမေ့ကို ပြောတယ်သမီးလုပ်ကျွေးမယ်ဆိုပြီး သုညကနေ ဘဝကို ပြန်စ ခဲ့တာ။ ဘာတစ်ခုမှ မရှိတဲ့ဘဝကနေ ဒီဘဝရောက်အောင် အမ (၁၁)နှစ် ကြိုးစားလာခဲ့ရတာ” လို့ သူမက ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို သူမကြိုးစားခဲ့လိုက်တဲ့အရာလေးတွေကို ပြန်စဉ်းစားမိလိုက်တိုင်း ကျေနပ်ခဲ့ရတယ်လို့ဆိုပါတယ်။

“အခုချိန်မှာတော့ပြန်စဉ်းစားလိုက်ရင်ကျေနပ်တယ်။ အမလိုချင်တာ တစ်ခုဝယ်ရတိုင်း အော် ငါင့ါပိုက်ဆံနဲ့ ငါဝယ်ရတာပဲ ဆိုပြီး ကျေနပ်မိတယ်။ မိသားစုကိုလည်း ငါဒီလိုထားနိုင်သားပဲ ဆိုပြီး ကျေနပ်တယ်။ စိတ်ညစ်ရတာတွေ ဘာတွေ ရှိခဲ့ပေမယ့်လည်း အခုချိန်မှာကြိုးစားခဲ့လို့ မိဘစကားနားထောင်လို့ လိမ္မာလို့ ပိုက်ဆံစုလို့ ဒီလိုနေရတယ်ပေ့ါ အဲ့အတွက်တော့ တစ်ခါတလေ မဆိုးပါဘူးတော်ပါသေးတယ် ပျက်ဆီးမသွားဘူးပေ့ါဆိုပြီးတွေးမိတယ်”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

#KS