“ကျဆုံးလေပြီးသော စွန့်ဦးတီထွင်သူတို့၏ သင်ခန်းစာယူဖွယ် အမှားများ”

ဦးနာအောက်

ကျောင်းစာသင်ဘူးသူတိုင်း သိတယ်။သင်္ဘောပြေးဆွဲရေးမှာ အင်္ဂလိပ်ကုမ္ပဏီတွေနဲ့ ပြိုင်တယ်။ သင်္ဘောစီးခကို အပြိုင်အဆိုင်လျှော့တယ်။
အလကားတင်ပေးတယ်။ လက်ဆောင်ပါ ပေးတယ်။

ဦးနာအောက်ရဲ့ အမျိုးသားစိတ်ဓာတ်ကို လေးစားပေမယ့် ခရီးသည်တွေကို အမျိုးသားရေးချမပြနိုင်ဘူး။ခရီးသည်က သာရာ ကပ်တယ်။နောက်တော့ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေကို မယှဉ်နိုင်တော့ပဲ ပြိုင်ဘက်ဆီ လုပ်ငန်းလွှဲရောင်းလိုက်ရတယ်။

ဘာတွေရလိုက်သလဲ?

စျေးကွက်မှာအပြိုင်အဆိုင်လျှော့ရောင်းခြင်းသည် ရေရှည် မအောင်မြင်နိုင်။

” အင်အားကြီးပြိုင်ဘက်ကို ထိပ်တိုက် မပြိုင်ပါနဲ့ ”

Dont Break The Wall With Your Head.

မိုက်ကယ်ဂျက်ဆင်

ကမ္ဘာကျော် အဆိုတော် ၊ ခရီးသွားရင် လေယာဉ်သုံးစီး ၊ Bodyguard တွေနဲ့ ပွဲတစ်ပွဲ ဆိုပြီးရင် ဒေါ်လာသန်းချီရတယ်။ ဘာကိုမှ မူစရာ မလို။
စိတ်ကြိုက် သုံးနိုင်တယ်။ ကမ္ဘာပတ်နိုင်ခဲ့တယ်။

နောက်တော့ ကုမ္ပဏီစာရင်းတွေ ဘဏ်စာရင်းတွေ ရှုပ်လာပြီး ဒေဝါလီ ခံလိုက်ရတယ်။ သုံးမကုန်တဲ့ ငွေတွေ ဘယ်ရောက်သွားသလဲ။

ဘာတွေရလိုက်လဲ?

စာရင်းဇယား မနိုင်သူ ၊ စာရင်းဇယားမရှိသူဟာ ဘယ်လောက် အောင်မြင်သော်လည်း ကျရှုံးရတတ်တယ်။

” အသေးအဖွဲစာရင်းကအစ ဂရုစိုက်ပါ ”

Make A Full By Drop By Drop!

ဒေဝူး

မြန်မာတွေ တော်တော် သိလိုက်တယ်။

ဒေဝူးကိုရီးယားကုမ္ပဏီ ၊ အောက်ခြေက စကြိုးစားလိုက်တာ ချေးဘိုလ်းလို့ ခေါ်တဲ့ လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်လာပြီး စျေးကွက်ကို ရနိုင်သမျှ ချဲ့တယ်။
သင်္ဘောထုတ်လုပ်ရေးကနေ လျှပ်စစ်ပစ္စည်း၊ စပို့ရှပ်အထိ အကုန်ထုတ်တယ်။ နောက်တော့ ပြိုလဲသွားတယ်။

လုပ်ငန်းကို အဆမတန်တိုးချဲ့ ကြိုးစားသော်လည်း မိုးပျံပူပေါင်းလေမှုတ်သလို ကြီးလာပေမယ့် တစ်နေရာမှာ ပေါက်တာနဲ့ ကျရှုံးတာပဲ။

ဘာတွေ ရလိုက်လဲ?

လုပ်ငန်းကို မနိုင်ပဲ အလောတကြီး မတိုးချဲ့ပါနဲ့။

” စားနိုင်သလောက်သာ မျိုပါ ”

Bigger Is Danger!

Crd:

မူရင်း Post ပိုင်ရှင် နဲ့ photo ပိုင်ရှင်အားလေးစားလျှက်-

Roland Zhang