“စီးပွားရေးတွေပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ဆိုလာတဲ့ သရုပ်ဆောင် ခါရာ”

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း စီးပွားရေးအကျပ်အတည်းများဖြစ်ပေါ်ခဲ့ရာ ယခင်လို ပုံမှန်အတိုင်း စီးပွားရေးပြန်လည် လည်ပတ်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ ထင်မြင်ကြောင်း သရုပ်ဆောင် ခါရာက သူ့ရဲ့ အမြင်ကိုပြောပြလာပါတယ်။

” တချို့အလုပ်တွေက နားထားရတယ်။ ပုံမှန်အလုပ်ရှိတဲ့သူတွေတောင် အခက်အခဲတွေရှိလာနိုင်တယ်။ လစာ ကိစ္စတွေလည်းရှိတယ်။ ပြီးတော့ အလုပ်တွေကလည်း ပုံမှန်လည်ပတ်နေတာ မဟုတ်တဲ့အခါကျတော့ တချို့လည်း လစာ ပုံမှန် မရတာတို့ ၊ လစာတစ်ဝက်လောက်ပဲရတာမျိုးတို့ ။ ပြီးတော့ ဒီကြားထဲ ဘာဝင်ငွေမှလည်းရှိတာမဟုတာဘူး။ ဝင်ငွေထက် ထွက်ငွေပဲ ရှိနေတာပေါ့ ”

Stay Home ကာလဆိုလည်း အိမ်မှာက နေ့စဉ်စားသောက်နေကြတာဆိုတော့ ဝင်ငွေမရှိဘဲ ထွက်ငွေပဲများလာမယ်ဆိုရင် ကျွန်တော့်အထင် စီးပွားရေးအခက်အခဲတော့ဖြစ်သွားမယ်ထင်တယ်။ ပုံမှန်အတိုင်းလည်း ပြန်ပြီးလည်ပတ်နိုင်ဖို့ အချိန်ယူရမယ်ထင်တယ်။ အခုကာလကြီးက ဘယ်တော့ပြီးသွားမလဲဆိုတာ တိကျတဲ့အဖြေမရှိဘူး။ အဲ့ဒါလည်းစောင့်ကြည့်ရဦးမှာပဲ ” လို့ သူကဆိုပါတယ်။

သရုပ်ဆောင် ခါရာ အနေနဲ့ ကိုဗစ်ကာလ အနုပညာလုပ်ငန်းတွေရပ်နားထားရတဲ့အချိန်မှာ အိမ်မှာပဲနေရင်း သရုပ်ဆောင်ပိုင်းနဲ့ ပက်သက်လို့ ပိုလေ့လာဖြစ်သလို ကာရိုက်တာပိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ ပိုပြီး ကြိုးစားအားထုတ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။

#KS