“ထောင်ကထွက်လာပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်ဆောင်တော့မယ့် ဘုန်းလျှံ”

သရုပ်ဆောင် ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ထောင်က ပြန်ထွက်လာပြီးနောက် သူ့ရဲ့ စီနီယာတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ခန့်စည်သူနဲ့ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ကူညီလုပ်ဆောင်နေတာဖြစ်ပါတယ်။

အခုအခါမှာတောာ့ ဘုန်းလျှံဟာ ထောင်ကထွက်လာပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး အနုပညာပြန်လည်လှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲရိုက်ကူးသွားဖို့ရှိနေတယ်လို့သိရပြီး အဆိုပါ ဇာတ်လမ်းတွဲကိုလည်း သရုပ်ဆောင် ခန့်စည်သူနဲ့ အတူရိုက်ကူးသွားမယ်လို့ သိရပါတယ်။

” အခုလက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ဖို့ မရှိသေးပါဘူး။ ဇာတ်ကားတွေ ရိုက်လို့ရပြီဆိုရင်တော့ အစ်ကို ဇာတ်လမ်းတွဲလေး တစ်ခု စရိုက်ဖို့ စီစဉ်ထားတယ်။ ၁၂ လပိုင်းမှာ ဇာတ်လမ်းတွဲရိုက်ဖို့ အတွက် လာကမ်းလှမ်းထားတာတွေရှိတယ်။ ကိုခန့်တို့နဲ့ ရိုက်မှာပေါ့။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ခပ်ကြမ်းကြမ်းကောင်လေးတစ်ယောက် ကာရိုက်တာပေါ့။ စိတ်ထားနူးညံ့တယ်၊ သဘောတော့ကောင်းတယ်။ ဒါပေမယ့် အပြင်မှာကျတော့ ခပ်ကြမ်းကြမ်း နေတတ်တဲ့စရိုက်ရှိတဲ့ လူငယ်ကာရိုက်တာနဲ့ ပါဝင်ရမှာပါ” လို့ သူက ဆိုပါတယ်။

ဘုန်းလျှံကတော့ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်တော့မှာဖြစ်လို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီလို့လည်းဆိုပါတယ်။

ပုံစံ အသစ်နဲ့ ဘုန်းလျှံကို ပရိသတ်တွေ မြင်ရမှာပါလို့ လည်း သူက ဆက်လက် ပြောပြလာပါတယ်။

“ ဇာတ်ကားအတွက် ခန္ဓာကိုယ်အပိုင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတယ်။ အခုက နည်းနည်း ဝနေတော့လေ။ အရင်တုန်းက ဘုန်းလျှံကို ပြန်ပြီး တွေ့ရတော့မှာ မဟုတ်ပါဘူး။ အခု ဘုန်းလျှံ အသစ်ကို မြင်တွေ့ရမှာပါ။ New Born ဘုန်းလျှံပါပေါ့။ ကျွန်တော် ဒီအလုပ်ကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ယုံယုံကြည်ကြည်နဲ့ ပေးလာသမျှ ၊ ရလာသမျှအခွင့်အရေးအားလုံးကို ကျွန်တော့်ဘက်က ကြိုးစားမှာပါ။ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ အရည်အချင်းတွေကို လက်ခံပေးပါ၊ အသိအမှတ်ပြုပေးပါလို့ ပြောချင်ပါတယ်” လို့ သူက ဆက်လက်ပြောပြသွားခဲ့ပါတယ်။

#KS